ဒေးဒရဲ အောက်တိုဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံး တွင် ယမန်နေ့ ညနေ ၄ နာရီက ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်ဝင်းက ဒေးဒရဲမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ မဲရုံများသို့ မဲရုံပစ္စည်းများနှင့် မဲလက်မှတ်များ ထုတ်ပေးနိုင်ရေး ကြိုတင်ဆောင်ရွက်ထားမှု အခြေအနေ များ၊ အသက်(၆၀)နှစ်အထက် အသက်အရွယ်ကြီးရင့်သူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်သွား မည့်လုပ်ငန်းများနှင့် ဒေးဒရဲမြို့သို့ မြို့နယ်ပြင်ပမှ ဝင်ရောက်လာသူများအား Facility Quarantine ထားရှိထားသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် အဖွဲ့ခွဲ အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)