စီးပွားဖြစ် ရွှေသပြေ (ခ) အာဆီယံသပြေ စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း

 

ပုသိမ်   အောက်တိုဘာ   ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ၊ပေါက်ကုန်းကျေးရွာတွင် စီးပွားဖြစ်စိုက်ပျိုးထားသော ရွှေသပြေ(ခ)အာဆီယံသပြေ စိုက်ပျိုးအောင်မြင်နေကြောင်းသိရသည်။ အဆိုပါ သ​ပြေများကို စနှစ်တကျ စိုက်ပျိုးလျက်ရှိသူက " ကျွန်​တော် စိုက်ပျိုးတဲ့ အောင်သပြေ(ခ)အာဆီယံသပြေတွေကို ဟိုတယ်တွေနဲ့ အိမ်တွေမှာ အလှစိုက်တာများပါတယ်။ ဒီသပြေကို စီးပွားဖြစ်စိုက်ပျိုးရန် ရည်ရွယ်ပြီး ၂၀၁၄ ခုနစ်က ရန်ကုန်မြို့မှာ သွားရောက်ဝယ်ပါတယ် ၊ ပျိုးပင်တစ်ပင်ကို ၁၅၀၀ ကျပ်နဲ့ ငွေကျပ် ၅ သိန်းဖိုးဝယ်ယူပြီး စတင်စိုက်ပျိုးပါတယ်၊ မစိုက်ပျိုးမီမှာ တစ်ပေပါတ်လည်ကျင်းများတူးပြီး ကျင်းအတွင်း နွားချေး ၊ ပုလဲ မြေသြဇာ၊ တီစူပါမြေသြဇာတို့ရောစပ်ပြီး ကျင်းအတွင်းထည့် ရေ လောင်းထားကာ ၅ ရက်အကြာ ထားပြီးစိုက်ပျိုးပါတယ်။ ဒီအပင်တွေက ရေကြိုက်တယ်၊ စိုက်ပြီး ၃ နစ်ကြာတဲ့အချိန်မှာ အညွန့်စဖြတ် ရပါတယ် ၊ ၅ နှစ်ပြည့်တဲ့အချိန်မှာ အညွန့်များ လှိုင်လှိုင်ခူးနိင်ပါတယ်" ဟုအောင်သပြေစိုက်ပျိုးသူ ဦးနိုလင်းက ယခုလိုပြောပြသည်။

 

ယခင်က အောင်သပြေများကို ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီး၊  ကံကုန်း ၊မဂူကျွန်းရွာရှိ တောတွေမှာ လိုက်လံခူးဆွတ်ရောင်သူတွေရှိကြောင်း ယခုလိုစီးပွားဖြစ်စိုက်ပျိုးမှုကြောင့် ပန်ရောင်းသူများ လာရောက်ဝယ်ယူမှုများကာသပြေပန်းတစ်စီးလျှင် ငွေကျပ် ၁၀၀ မှ ၁၅၀ ကျပ်အထိ ရောင်းချရပြီး တစ်ရက်လျှင် ငွေကျပ် ၆၀၀၀ မှ ၁၀၀၀၀ ကျပ်အထိ ရောင်းချရကြောင်းသိရသည်။ ယခုအချိန်ကာလသည် ကိုဗစ်-၁၉ ရောဂါကြောင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ညွန်ကြားချက်များ အတိုင်း နေထိုင်နေကြရသည့်အတွက် ရပ်နီးမှလာရောက်ဝယ်ယူသူများသာရှိကာ၊ သပြေပန်းပင်များနှင့်အတူ စံပယ်ပန်းနှင့် ကင်ပွန်းချဉ်ပင်များကိုပါ စိုက်ပျိုးထားရှိကြောင်းသိရသည်။

 

မြင့်ဟန်