အမာမြို့ (Community Centre) ခန်းမတွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်

အမာ ဒီဇင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ (Community Centre) ခန်းမတွင် အမာမြို့၊ အထကကျောင်းမှ အလယ်တန်းကျောင်းသားကျောင်းသူများကိုဖိတ်ခေါ်၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ကျင်းပခဲ့​ပါသည်။

ရှေးဦးစွာ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး‌ နော်လေးလီယန်မှ ကျောင်းသား/သူများအနေဖြင့် နေ့ထူးနေ့မြတ်များကို အလေးအနက်ထားရန်၊ မမေ့မလျော့ကြရန်၊ မျိုးချစ်စိတ်ဓာတ်များ တိုးပွားစေရေး မွေးမြူကြရန်၊ ပညာရေးကိုအောင်မြင်‌ အောင်းကြိုးစားကြရန် ပြောကြားခဲ့ပြီး ရုပ်သံကျွမ်းကျင်-၃ ဒေါ်လှယဉ်သိန်းမှ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲတို့ကို ပြသထားရာ တက်ရောက်လာသော ကျောင်းသား/သူ (၄၀) ဦးခန့်တို့မှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အမာ (ပြန်/ဆက်)