ငဖဲ အောက်တိုဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လေးအိမ်စုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစ၍ လပြည့်သိမ်းကုမ္မဏီမှ တာဝန်ယူ ဆောက်လုပ်ခဲ့သော ကျောင်းဆောင်သစ် အဆောက်အဦသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကုန်တွင် ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ လေးအိမ်စုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ ကျောင်းဆောင်သစ် အဆောက်အဦသည် အလျား ပေ ၉၀ ၊ အနံ ပေ ၃၀ ရှိ Steel Structure တစ်ထပ် အမျိုးအစားဖြစ်၍ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ၄၉ ဒဿမ ၉၅ ကျပ်သန်းဖြင့် လပြည့်သိမ်းကုမ္မဏီက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစ၍ တာဝန်ယူဆောက်လုပ်ခဲ့ရာ ယခုအခါ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်ကုန်တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောက် လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)