လှိုင်းဘွဲမြို့နယ် ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးအတွက် ဆေးရုံးသုံးပစ္စည်းများ ပေးအပ်

 

လှိုင်းဘွဲ     အောက်တိုဘာ  ၂၅

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် Premiere Urgence Internationale(PUI) Myanmar အဖွဲ့မှ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဆေးရုံးသုံးပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့က မြိုင်ကြီးငူ အထူးဒေ အာရောဂျဒါ နဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါလှူဒါန်းပွဲတွင် လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေမှ Covid-19 ရောဂါကြိုတင် ကာကွယ်ရေးနှင့်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် PPE ဝတ်စုံ(၃၀)စုံ၊ Face Shield(၃၀)ခု၊ လည်ရှည်ဖိနပ်(၃၀)စုံနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို လှူဒါန်းခဲ့ရာ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တိုက်နယ်ဆရာဝန် ဒေါက်တာသန်းထိုက်အောင်က လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)