လက်ပံတန်း အောက်တိုဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ မျိုးစေ့ထုတ် စိုက်ပျိုးထားသည့် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက် ၈ နာရီက ကွမ်းခြံကျေးရွာအုပ်စု တောင်သူ ဦးမင်းသူ၏ ဆင်းသုခ မိုးစပါးမျိုးစေ့ထုတ်ဧကများအား စတင်ရိတ်သိမ်းခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် သာယာဝတီခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းအောင်စန်းနှင့် လက်ပံတန်း မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်တို့မှ ဦးဆောင်ကာ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်း၍ မျိုးစေ့ထုတ် မိုးစပါးစိုက်ခင်း ရိတ်သိမ်းပြီး လယ်ကွက်တွင် စံနှုန်းများ တိုင်းတာခြင်း၊ ရိတ်သိမ်းချွေလေ့ထားသော စပါးများ၏ အထွက်နှုန်းတိုင်းတာခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါမိုးစပါး စံကွက်ရိတ်သိမ်းရာတွင် ဆင်းသုခမျိုးစေ့ထုတ် မိုးစပါး တစ်ဧက၊ အစိုတင်း ၁၅၅ ထွက်ရှိပြီး အခြောက် တင်း ၁၃၅ နှုန်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးဉာဏ်မြင့်ထံမှ သိရသည်။
ဝင့်နန္ဒာဌေး