ညောင်တုန်းမြို့နယ်၊ ဗောဓိကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ညောင်တုန်း  ဒီဇင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဗောဓိကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဗောဓိကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မျိုးထက်က မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းနှင့် မှုခင်းကျဆင်းရေး အ‌ကြောင်းရာများကိုလည်းကောင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးစသည့် လူငယ်လူရွယ်များနှင့် ပတ်သက်သည့် လူငယ်ရေးရာအသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်စုစုခင်က အားကစားအဓိပ္ပါယ်၊ အားကစား အမျိုးအစားများ၊ အားကစား ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများအား ကစားသိပ္ပံ ကျောင်းတက်ရောက်မည့်သူများ အရည်အချင်း သတ်မှတ်ချက်ဆိုင်ရာများ စသည့် အကြောင်းအရာများကို လည်း‌ကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး  ဒေါ်ချိုမီဇင်က စာသုံးသူများအနေဖြင့် သတိပြု လိုက်နာရမည့် အချက်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးများရှိပါက ဆက်သွယ် ဆောင်ရွက်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များစသည့် စားသုံးသူရေးရာအသိပညာပေး ‌အကြောင်းများကို လည်းကောင်း ဟောပြောခဲ့သည်။

ထို့နောက် စာအုပ်စာစောင်နှင့်အားကစားပစ္စည်းများလှူဒါန်းခြင်း၊ အသိပညာပေး နယ်လှည့်နံရံကပ် စာစောင်ပြသခြင်းနှင့် အားကစား သရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)