စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ် (ပထမနှစ်ဝက်)နှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း(PPTT) အမှတ်စဉ် (၁၀/၂၀၂၃) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား တက်ရောက်

မုံရွာ ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပညာရေးဒီဂရီကောလိပ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ် (ပထမနှစ်ဝက်)နှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတက်ပညာသင်တန်း (PPTT) အမှတ်စဉ် (၁၀/၂၀၂၃) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာပညာရေးဒီဂရီကောလိပ်ရှိ ပဉ္စဗလဘက်စုံခန်းမတွင် ကျင်းပရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းပြည်၏အနာဂတ်ကို ပခုံးပြောင်း တာဝန်ယူကြမည့် လူငယ်တို့ ပညာပြည့်ဝနှလုံးလှကြပြီး နိုင်ငံတော်နှင့်လူမျိုး အကြိုးကို အားကြိုးမာန်တက် ထမ်းရွက်နိုင်ကြကာ နိုင်ငံတော်၏အလှ နိုင်ငံတော်၏ဂုဏ်ကို ဖော်ဆောင်နိုင်ကြရန်နှင့် တပည့်များ၏ ပညာအရည်အသွေးမြင့်မားစေရန် ဆရာအရည်အသွေးလည်း မြင့်မားနေရမည်ဖြစ်ရာ ဆရာ၊ဆရာမများသည်လည်း အစဉ်အမြဲ လေ့လာနေကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်တစ်ရပ်ဖြစ်သော တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့် မားတိုးတက်စေရေး ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ရေး တာဝန်များကို ကျေပွန်စွာထမ်းဆောင် သွားကြရန်မှာ ကြားလိုပါကြောင်း၊ သင်တန်းကာလအတွင်း ကျောင်းသား၊ကျောင်းသူ မောင်မယ်များအနေဖြင့် ဆရာ၊ ဆရာမများ၏ သင်ကြားပို့ချချက်များအား စိတ်ဝင်တစားဖြင့် ကောင်းမွန်စွာလေ့လာသင်ယူသွားကြရန် မှာကြားလိုပါ ကြောင်း၊

ဆရာကောင်းတစ်ယောက်၏ ပညာအရည်အချင်းနှင့် စေတနာ၊ ဝါသနာ၊ အနစ်နာဟူ သောစိတ်စေတနာတို့အပေါ်တွင် တပည့်များ၏ဘဝ အကောင်းအဆိုးသည်လည်း တည်မီလျက် ရှိပါကြောင်း၊ တပည့်များ၏ ပညာရေးတွင်သာမက လူမှုဆိုင်ရာပြဿနာများ

အခက်အခဲ အကြပ်အတည်းများကိုလည်း တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးနိုင်မည့် ဆရာများကို အရည်အချင်း ပြည့်ဝစေရေးအတွက် လေ့ကျင့်သင်ကြားပေးနိုင်ရန် အထူးလိုအပ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူ မောင်မယ်များကို အထူးအလေးထား မှာကြားလိုတာကတော့ မုံရွာပညာရေးဒီဂရီကောလိပ်မှ သင်ကြားပို့ချပေးမည့် ပညာရေးဆိုင်ရာ ဘာသာရပ်များအပြင် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရန် အခြေခံအကျဆုံးဖြစ်သည့် ကာယဗလ၊ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားပြိုင်ပွဲများတွင်လည်း ပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းများပြီးဆုံး၍ နေရာဒေသအသီးသီးမှာရှိသည့် အခြေခံပညာ ကျောင်းများတွင် တာဝန်ထမ်းဆောင်ကြသည့်အခါ ကျောင်းတော်ကြီးမှ ရရှိလာသည့် ပညာရပ်များ၊ အတွေ့အကြုံများကို ကောင်းမွန်စွာ ပြန်လည်အသုံးချသွားကြရန် မှာကြားလိုပါကြောင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ မောင်မယ်များ အားလုံးအနေဖြင့် နေ့စဉ်မပြတ်သင်ကြားသင်ယူမှုများ ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ပြီး ရည်မှန်းချက်ထားကာ ကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားခဲ့ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာပညာရေးဒီဂရီကောလိပ်အတွက် ငွေကျပ်-၁၀ သိန်း၊ ပထမနှစ်(ပထမနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူများအတွက် ငွေကျပ် ၅၁၅၀၀၀၀ (ကျပ်ငါးဆယ်တစ်သိန်းငါးသောင်း)နှင့် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ် ပညာသင်တန်း (PPTT) အမှတ်စဉ် (၁၀/၂၀၂၃) ကျောင်းသား/သူများအတွက် ငွေကျပ် ၂၃၀၀၀၀၀ (ကျပ်နှစ်ဆယ်သုံးသိန်း)တို့အား ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများထံ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အထက်မြန်မာပြည် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ မန္တလေးဇုံတွင် ပထမဆုရရှိခဲ့သည့် မုံရွာပညာ ရေးဒီဂရီကောလိပ်မှ အမျိုးသားဘောလုံးအသင်းအား ဂုဏ်ပြုဆုငွေများ အားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ပထမဆု ရရှိခဲ့သည့် အမျိုးသားပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုဆုငွေများအား လည်းကောင်း၊ တိုင်းဒေ သကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ပူးတွဲတတိယဆုရရှိသည့် အမျိုးသမီးဘော် လီဘောအသင်းအား ဂုဏ်ပြုဆုငွေများအားလည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးရဲမှူးကြီး အောင်မြင့်နိုင်က အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးရရှိခဲ့သည့် အားကစားသမားအား ဂုဏ်ပြုဆုငွေများအား လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ဆန်းက အမျိုးသား ဘောလုံးပြိုင်ပွဲတွင် အလယ်တန်းအကောင်းဆုံးဆုရရှိသည့် အားကစားသမားအား ဂုဏ်ပြုဆုငွေ များအား အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်ပြီး မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ မင်းမင်းသိမ့်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် မုံရွာပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက ကပြဖျော်ဖြေခဲ့ကြသော ကျောင်းသား၊ကျောင်းသူများအတွက် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာ/ဆရာများ၊ ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်