ဟုမ္မလင်းမြို့တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပ

ဟုမ္မလင်း ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ်ဟောပြောပွဲနှင့်စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ဒီဇင်ဘာ (၅) ရက်နေ့၊ နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ဟောပြောတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဧဆက်က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်း အကြောင်းနှင့်ပတ်သတ်၍ သိကောင်းစရာများကို ဟောပြောခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ကျောင်းသား/သူ(၂၀)ဦးက (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း အရာများနှင့်ပတ်သော စိတ်ကြိုက်ပန်းချီအသီးသီး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး၊ ဆုရရှိသူများကို မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ဆုတံဆိပ်များချီးမြှင့်ပေးခဲ့ ကြကြောင်းသိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေပေးခဲ့ပြီး (၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်နံရံကပ် စာစောင်ပြသခြင်း၊ စာအုပ်စာစောင်များပြသခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား/သူများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ဟုမ္မလင်း (ပြန်/ဆက်)