သဲကုန်း ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့က အုတ်ဖိုအုပ်စု သင်တောကျေးရွာဓမ္မာရုံတွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ ဆွေးနွေးဟောပြောဆောင်ရွက်ခဲ့ကြသည်။
သဲကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်သည့် ဒေသဖွံ့ဖြိုးရေးဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုတီးကုန်းမြို့ အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ဦးက မိမိတို့ကျေးရွာအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ဆက်သွယ်ရေး စသည့်လိုအပ်ချက်များကို တင်ပြဆွေးနွေးနိုင်ရန် လာရောက်ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကျေးရွာများ၏ လိုအပ်ချက်များအား ဆွေးနွေးကြရန်ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီးပူးပေါင်းအဖွဲ့တွင် ပါဝင်သည့် သက်ဆိုင်ရာဌာနများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ စားသုံးသူကာကွယ်ရေး၏ ဥပဒေနှင့် စာသုံးသူများအခွင့်အရေး စသည်တို့အား မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေး ပြောကြားပြီးများကို ဒေသခံတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဒေသခံတောင်သူ (၅၇) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုကျော် (ပြန်/ဆက်)