စစ်ကိုင်း ဒီဇင်ဘာ ၅
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဇေယျာအခြေခံပညာ အလယ်တန်းကျောင်းတို့ပူးပေါင်း၍ ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဒီဇင်ဘာ(၄) ရက်၊ မွန်းလွဲပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာဝင်းက ကျောင်းသား/ ကျောင်းသူ ကလေးငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခုလိုအခြေခံပညာကျောင်းများနှင့်ပူးပေါင်း၍၊ ကလေးငယ်များအနေဖြင့် လူအများရှေ့တွင်ရဲဝံ့စွာ ပြောဆိုတက်စေရန်၊ အချင်းချင်းစည်းလုံးညီညွတ်ပြီး ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြော ကြားခဲ့ပြီး ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား လူငယ်များ အသိပညာဗဟုသုတများရရှိစေရန် သုတ၊ ရသ စာအုပ်များ အခမဲ့ငှားရမ်းပေးခြင်း၊ ပြပွဲ/ ပြိုင် ပွဲများကျင်းပေးခြင်းနှင့် အခါအားလျော်စွာ Talk Show များဆောင်ရွက်ခြင်းတို့ကို စဉ်ဆက် မပြတ်ပြုလုပ်ဆောင်ရွက် ပေးနေလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင် (ပြန်/ဆက်)