ရှမ်းရွာသစ် အောက်တိုဘာ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ရင်းဘိုင်းကျေးရွာအုပ်စု၊ ကျောင်းမကျေးရွာ အခြေခံပညာမူလတန်းလွန် ကျောင်းနှင့် မဲလရောကျေးရွာအုပ်စု၊ ရင်းဘိုင်းငှက်ပျောတောကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲတို့အတွက် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယမန် နေ့ နံနက်ပိုင်းက ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းလုပ်ငန်းတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူးဦးမောင်မောင်နိုင်နှင့် တာဝန်ရှိသူများတို့က နယ်စပ် ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေး ရန်ပုံငွေဖြင့် ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်း (၂)စုံနှင့် မီးစက်(၂)လုံးတို့ကို ပေးအပ်ခဲ့ရာ ရှမ်းရွာသစ်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)