မော်လမြိုင်ကျွန်းမြို့နယ်၌  ကျား/မ အခြေပြု အကြမ်းဖက်မှု (၁၆) ရက်တာ လှုပ်ရှားမှု အသိပညာပေးသင်တန်း ဖွင့်လှစ်

မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ကျား/မ အခြေပြု အကြမ်းဖက်မှု (၁၆) ရက်တာ လှုပ်ရှားမှု အသိပညာပေး သင်တန်းကို ယနေ့ နေ့လည် (၁) အချိန်က အမှတ် (၁၁) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ အမျိုးသမီးရေးရာအဖွဲ့က ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မာမူက အဖွင့်မှာစကား ပြောကြားခဲ့ပြီး ပင်မြင့်သဇင် အမျိုးသမီးများ ဒေသဖွံ့ဖြိုးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သိန်းအေးက အမျိုးသမီးများနှင့် မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေကို တားဆီးဖို့ဖြစ်ကြောင်း၊ ၁၆ ရက်တာ လှုပ်ရှားမှုဟု ပြောလိုက်ခြင်းအားဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုများ ပပျောက်ရေး၊ နိုင်ငံတိုင်းက ထိုနေ့ရက်များမှာ ဓါတ်ပုံပြပွဲများ၊ ပြည်သူလူထုများအား အသိပညာပေးပွဲများ၊ ဟောပြောပွဲများ၊ သရုပ်ပြပွဲများ စသောလူပ်ရှားမှု အမျိုးမျိုးကို ပြုလုပ်လေ့ရှိကြကြောင်း ပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်မက အမျိုးသမီးအကြမ်းမှု ပပျောက်ရေးကို  နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ဟောပြောပွဲများ၊ သရုပ်ပြပွဲများ ကျင်းပလေ့ရှိကြောင်း၊ လှုပ်ရှားမှုများကတစ်ဆင့် လူတိုင်းလူတိုင်း အကြမ်းဖက်မှုကို သတိပြုမိလာပြီး အမျိုးသမီးများနှင့် မိန်းကလေးငယ်တွေ အပေါ် အကြမ်းဖက်မှုတွေကို တားဆီးဖို့ တက်ကြွစွာ ပါဝင်လာနိုင်မှာဖြစ်ကြောင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေးအတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိပြီး အကြမ်းဖက်မှုတွေကို တားဆီးဖို့ အချိန်နှင့်လိုအပ်ချက်များ ဖြည့်ဆည်းရင်းနှီးမြုပ်နှံကြပါစေကြောင်း ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော အမျိုးသမီးများအား ဉာဏ်စမ်းမေးခွန်းများ ဖြေကြားစေခဲ့ပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ အခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မာမူနှင့် အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဇင်မ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာဇာလင်း၊ သင်တန်းသားများ၊ ရပ်ကွက်နေ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)