ပလောက် အောက်တိုဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ ညောင်ရှင်ကုန်း ကျေးရွာတွင် ၂၀၂၀ ပြည့်နှစ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် စိုက်ပျိုးထား သော မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ခင်း ကွင်းအမှတ်(၇.က)၊ ဦးပိုင်အမှတ် (၆၁/၂)၊ တောင်သူ ဒေါ်ဘုတ်၏ ဆင်းသုခအမျိုးအစား(၆.၆)ပေ စိုက်ခင်းတွင် ယမန်နေ့ နံနက်ပိုင်းက စံကွက်ရိတ်သိမ်းခြင်းကို ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပလောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ စီစဉ်မှုဖြင့် မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ၊ မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသက်လွင်နှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖနှင့် တောင်သူတို့က စိုက်ပျိုးထားသော ဆင်းသုခ မျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းနှင့် စစ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ရာတွင် ဆင်းသုခအမျိုးအစား (၆.၆)ပေ၌ ထွက်နှုန်း (၁၁၂) တင်းနှုန်းထွက်ရှိကြောင်းကို စိုက်ပျိုးရေး ဦးစီးဌာန မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းက ပြောသည်။
နှင်းမြူလွင် ( ပလောက် ပြန်/ဆက်)