နာဂဒေသ၊ လဟယ်မြို့နယ်အတွင်း မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးစီမံကိန်းဖြင့် ဆောင်ရွက်သည့် လုပ်ငန်း ကွင်းဆင်း စစ်ဆေး

လဟယ် အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အိန္ဒိယသမ္မတ နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး စီမံကိန်းဖြင့် အိန္ဒိယနိုင်ငံမှ (စတုတ္ထအကြိမ်) ‌အထောက်အပံ့ရန်ပုံ‌ငွေ ကျပ်(၃၀၀ ဒသမ ၀၀၀)သန်းဖြင့် ဆောင်ရွက်ခဲ့သော တံတားအရှည် (၆၀)ပေ၊ အကျယ်(၁၄)ပေ တစ်လွှာ(၁)ထပ် ဘေလီတံတား(၂)စင်း ဆောင်ရွက်ပြီးစီး မှုကို ခေတ္တနာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဦးစီးအရာရှိ ဦးလေမိုးနှင့် ရုံးအဖွဲ့များက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းအားလုံးရာနှုန်းပြည့် ဆောင်ရွက်ပြီး‌ကြောင်း သိရသည်။

အဆိုပါ တံတားသည် လဟယ်-ယမ်းကြုံး-ဂမ်းည-လုံဝသိင်္ခ ကြားတွင် တည်ဆောက်ထားပြီး မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးစီမံကိန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတံတားတည် ဆောက်ပေးခြင်းကြောင့် လဟယ်မြို့နယ်အတွင်းရှိ ကျေးရွာ(၁၂)ရွာမှ ဒေသခံပြည်သူ တို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍမှာ ယခင်ထက် များစွာ အကျိုးပြုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ရှားဆက်(ပြန်/ဆက်)