နတ်တလင်း ဒီဇင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (နတ်တလင်း)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ထက်၊ လယ်၊ မူ စာစီစာကုံးပြိုင်ပွဲ၌ ကျောင်းသား၊ ကျောင်းသူ(၄၀)ဦး၊ အထက်တန်းဆင့် ကဗျာပြိုင်ပွဲတွင် (၁၀)ဦး၊ အလယ်တန်းနှင့်မူလတန်းဆင့် ပန်းချီပြိုင်ပွဲတွင် (၆)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်သူ(၅၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသောင်းထံမှ သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)