အထက်မင်းလှ ဒီဇင်ဘာ ၁
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ မင်းလှမြို့၌ မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာနှီနှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုသောအားဖြင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျောင်းသား/ ကျောင်းသူများကျန်းမာရေးအတွက် မေးခွန်း(၁၀၀)ဖြေဆိုပွဲကျင်းပခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲက မင်းလှအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးဇော်ယုက ခုခံအားကျဆင်းမှုကူးစက်ရောဂါ AIDS ရောဂါအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး၊ အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်မာမာအေးက (၂၀၂၃)ကိုကြိုဆိုသောအားဖြင့် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးအတွက် မေးခွန်း(၁၀၀)ဖြေဆိုခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ကျန်းမာရေးအတွက်မေးခွန်း(၁၀၀) ဖြေဆိုခြင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါကျန်းမာရေးအတွက် မေးခွန်း(၁၀၀)ဖြေဆိုပွဲတွင် မင်းလှအခြေခံပညာအထက်တန်းကျောင်းမှ Grade-10 ၊ Grade-11 ၊ Grade-12 ကျောင်းသား/ ကျောင်းသူများ ပါဝင်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)