မတ္တရာမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် တပ်မတော်မှ ဆန်၊ ဆီ၊ ပဲနှင့် ဆားရိက္ခာအမယ်(၄)မျိုး ထောက်ပံ့ပေးအပ်

မတ္တရာ     အောက်တိုဘာ   ၂၄

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် တပ်မတော်မှ ဆန်၊ ဆီ၊ ပဲနှင့် ဆားများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မတ္တရာမြို့နယ် စစ်မှုထမ်းဟောင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ  အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည့် ကာလအတွင်း စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင် (၅၄၈)ဦး၏ စားသောက်ရေး အခက်အခဲမရှိစေရန် တပ်မတော်မှ ထောက်ပံ့သော (၂)ပတ်စာ ရိက္ခာအမယ်(၄)မျိုး အား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဦးစီးဗိုလ်မှူးကြီး (စစ်ရေး) ဗိုလ်မှူးကြီးထူးလှိုင်မှ ပေးအပ်ခဲ့ရာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ လက်ခံရယူခဲ့ကြသည်။

မတ္တရာမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ (၂)ပတ်စာ ရိက္ခာအတွက် ဆန်(၈၇)အိတ် ဆီ(၁၅၃.၄၄)ပိဿာ၊   ပဲ (၂၃၀.၁၆)ပိဿာနှင့် ဆား (၁၃၄.၂၆) ပိဿာအား တပ်မတော်မှ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)