ပုလော အောက်တိုဘာ ၂၄
ပုလောမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ မြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကူညီဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ၊ အလှူငွေများကို ရပ်ဝေး၊ ရပ်နီးမှ စေတနာရှင် ပြည်သူများမှ အသီးသီး လာရောက် လှူဒါန်းလျက် ရှိကြောင်း သိရသည်။
ထို့သို့ လှူဒါန်းလျက်ရှိရာတွင် အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် (၁၁)နာရီက မြိတ်မြို့နေသူ ဦးမိုးယံဦးက ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ကုသရေးတွင် အထွေထွေအသုံးပြုနိုင်ရန် အတွက် ငွေကျပ် (၅) သိန်းကို ပုလောမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့ လာရောက်လှူဒါန်းရာ တနင်္သာရီ တိုင်းဒေသကြီး လူ၀င်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မင်းနှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)