မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ချိန်နှင့် မကွေးတိုင်းစည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီးဦးစီးမှူး ဦးထင်အောင် ငဖဲမြို့နယ် ပြည်သူ့ပန်းခြံအသစ် တည်ဆောက်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှု စစ်ဆေး

ငဖဲ  နိုဝင်ဘာ ၃၀

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ချိန်နှင့် မကွေးတိုင်းစည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီးဦးစီးမှူး ဦးထင်အောင်တို့သည် မင်းဘူးခရိုင် ငဖဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့သို့ ယနေ့နံနက် ၉ နာရီအချိန်က ရောက်ရှိ၍ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပြည်သူ့ပန်းခြံအသစ် တည်ဆောက်မည့်မြေနေရာအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီးဦးအောင်ချိန်နှင့် မကွေးတိုင်းစည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီး ဦးစီးမှူး ဦးထင်အောင် တို့သည် ငဖဲမြို့စည်ပင်သာယာရေးအဖွဲ့ရုံးတွင် အမှုဆောင်အရာရှိ ဒေါ်မော်မော်လွင်၊ အင်ဂျင်နီယာဦးရဲမြင့်ထွန်း၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ စည်ပင်သာယာရေးဆိုင်ရာလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးဆိုင်ရာ ရုံးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ငဖဲမြို့ တွင်း/ပြင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ငဖဲမြို့ ကျောင်းတွင်းရပ်ကွက် အားကစားကွင်းအနီးတွင် (၀.၉၆၂)ဧကအကျယ်ရှိ ပြည်သူ့ပန်းခြံ အသစ်တည်ဆောက်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်း မှာကြားခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)