သရက်မြို့၌ မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီနှောဖလှယ်ပွဲ(၂၀၂၃)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးအတွက် မေးခွန်း(၁၀၀)ဖြေဆိုပွဲ ကျင်းပ

သရက် နိုဝင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီနှောဖလှယ်ပွဲ (၂၀၂၃)ကို ကြိုဆိုသောအားဖြင့် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးအတွက် မေးခွန်း(၁၀၀)ဖြေဆိုပွဲ ကျင်းပခြင်းအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပခဲ့သည်။

အဆိုပါ ကျန်းမာရေးအတွက် မေးခွန်း(၁၀၀)ဖြေဆိုပွဲတွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ  Grade-10၊ Grade-11၊ Grade-12 ကျောင်းသား/ကျောင်သူများ ပါဝင် ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)