နတ်မောက်မြို့နယ်တွင် ဆောင်းနေကြာများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

နတ်မောက် နိုဝင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်း ဆီထွက်သီးနှံဖြစ်သည့် ဆောင်းနေကြာလျာထားဧက (၁၀၀၆၀) လျာထားသတ်မှတ်ထားပြီး ယနေ့အထိ (၁၀၀၇၁) ဧက စိုက်ပျိုးခဲ့ပြီးဖြစ်ရာ စိုက်ပျိုးပြီး ဆောင်းနေကြာများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဆောင်းနေကြာအထွက်နှုန်း တိုးတက်စေရေးအတွက် ရေဆင်း (၁) ဆပ်မျိုးနေကြာ၊ ဆင်းရွှေကြာနေကြာမျိုးများစိုက်ပျိုးခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဧကအထွက်နှုန်းတိုးတက်စေရေး မျိုးစိုက်စနစ်ဖြင့်သွင်းအားစုအသုံးပြု ခြင်း၊ အပင်ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ နည်းစနစ်မှန် လိုက်နာဆောင်ရွက်စေရေး  အသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 ဆောင်းနေကြာစိုက်ပျိုးရာတွင် နေကြာအထွက်နှုန်းတိုးတက်ရေးအတွက် ရေဆင်းဆပ်မျိုးနေကြာ နှင့် ဆင်းရွှေကြာ-၂နေကြာမျိုးကွဲများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပံ့ပိုးဖြန့်ဖြူးလျက်ရှိပြီး အောက်တိုဘာလဆန်းတွင် စတင်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံက သိရသည်။

မူမူစန်း