ပုလောမြို့ အမှတ်(၁)ရပ်ကွက် ၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွား သင်တန်း ဖွင့်လှစ်

ပုလော   အောက်တိုဘာလ    ၂၄

ပုလောမြို့နယ်တွင် ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွင် ပုလောမြို့ အမှတ် (၁)ရပ်ကွက်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွား သင်တန်းကို ယမန်နေ့  မွန်းလွဲ (၂)  နာရီက ပုလောမြို့ ၊ အမှတ်(၄) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆင့်ပွားသင်တန်းတွင် မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံအဖွဲ့ဝင်များ၏ အခန်းကဏ္ဍ၊ တာဝန်ဝတ္တရား ၊ မဲရုံ သုံး ပုံစံများ ရေတွက်ခြင်း၊ မဲရုံပိတ်သိမ်းခြင်း နှင့် ရေတွက်ခြင်း၊ မဲရုံပိတ်ရန် ကြိုတင်ပြင်ဆင်ခြင်း၊ မဲပေးခြင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ရန် မဲရုံမှူးနှင့်  ဒုတိယ မဲရုံမှူးများက အသိပညာ ပေး ဆွေးနွေးခဲ့ကြောင်း  သိရသည်။

ပုလောမြို့၊ အမှတ် (၁)ရပ်ကွက်တွင် ဆန္ဒမဲပေးနိုင်သူ (၅ဝ၉၅) ဦး ရှိပြီး၊ မဲရုံ (၄)ရုံ ရှိကာ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှ၍့် မဲရုံ အဖွဲဝင် (၆၂) ဦး ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပုလောမြို့ အမှတ်(၁) ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူးထံမှ သိရသည်။

အေးအေးမော် (ပုလော)