ရွှေကျင်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ရွှေကျင် နိုဝင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) လှုပ်ရှားမှုအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်‌ပေးခြင်းကို ယနေ့နံနက်ပိုင်းက ခုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရွှေကျင်မြို့နယ် ခုတင်(၁၀၀)ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ဒေါက်တာသိန်းနိုင်လင်းမှ ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးတင်မိုးဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစကလေး ကျန်းမာရေးစောင့်ရှောက်မှုအတွက် စနစ်မှန်နို့တိုက်ကျွေးနည်းစနစ်ရရှိစေရန်၊ ကလေးငယ်အား နွေးထွေးစွာထားတတ်စေရန်နှင့် မွေးစကလေးငယ်များအား (Newborn kit)များ ဖြန့်ဝေပေးခြင်း၊  ငါးနှစ်အောက်ကလေးငယ်များ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှု စောင့်ကြပ်ကြည့်ရှု့နိုင်ရန် လက်မောင်းလုံးပတ်တိုင်းတာခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးစစ်ခြင်း၊ ကိုယ်အလေးချိန်ချိန်ခြင်း၊ အရပ်တိုင်းခြင်း၊ ဆေးဝါးများထောက်ပံ့ခြင်း၊ မကူးစက်တတ်သောရောဂါများ ရှာဖွေစစ်ဆေးကုသမှုပေးနိုင်ရန်အတွက် ဆီးချို/သွေးချိုစစ်ဆေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆေးပေးကုသခြင်း စသည့်ရောဂါများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူများအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်‌ပေးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူ၊ ဆေးရုံအုပ်ဒေါက်တာသိန်းနိုင်လင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ လိုက်လံကြည့်ရှု့အားပေးပြီး လိုအပ်သည်များအား ကူညီဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)