ငဖဲ နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပဒါန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ပဒါန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာမိုင်မျိုးမျိုးဆန်းက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ဆွေးနွေးပြောကြားပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ “အမျိုးသားအောင်ပွဲနေ့ကို တန်ဖိုးထားလို့ ငြိမ်းချမ်းစည်းလုံးသောနိုင်ငံတော်ကြီး တည်ဆောက်စို့” ခေါင်းစဉ်ဖြင့် အခြေခံပညာအထက်တန်းဆင့် စာစီစာကုံးဖြေဆိုသူ (၂)ဦး၊ အခြေခံပညာအလယ်တန်းဆင့်ဖြေဆိုသူ (၁၈)ဦး၊ အခြေခံပညာအလယ်တန်းဆင့်ပန်းချီပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူ (၁၄)ဦးနှင့် မူလတန်းဆင့် (၃၄)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၇၈ )ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)