ပုသိမ်မြို့နယ်အတွင်းရှိ ဒီပါရုံ-မြင်းကကွင်း-တောင်တန်းကုန်းလမ်း ကျောက်လမ်းခင်းခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး

ပုသိမ်       နိုဝင်ဘာ       ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဒီပါရုံ-မြင်းကကွင်း-တောင်တန်း ကုန်းလမ်းအား ကျောက်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ ကျောက်လမ်းခင်းခြင်းလုပ်ငန်း (၁/၀မိုင်x၁၄ပေx၆လက်မ)အား Royal Pathein ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား ပုသိမ်ခရိုင်၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူမင်းမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ ပုသိမ်မြို့နယ် ဦးစီးအရာရှိ(မြို့ပြ) စဟိန်းလင်းဇော်နှင့် ကုမ္ပဏီမှတာဝန်ခံ အင်ဂျင်နီယာများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အရည်အသွေးပြည့်မှီစွာဖြင့် လုပ်ငန်းအချိန်မီ ပြီးစီးရေးလိုအပ်သည်များ မှာကြားခဲ့သည်။

ဒီပါရုံ-မြင်းကကွင်း-တောင်တန်းကုန်းလမ်း ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာ(၄)ရွာ၊ အိမ်ခြေ(၄၉၈)အိမ်၊ လူဦးရေ(၂၅၈၅)ဦးတို့အား အကျိုးပြုနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။

မြင့်ဟန် (ပြန်/ဆက်)