ထန်ပါခွေ နိုဝင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ နိုဝင်ဘာလ(၂၉)ရက်၊ နံနက်(၉)နာရီအချိန်က နှုတ်မှုစွမ်းရည်ပြိုင် ပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ထန်ပါခွေမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဥ်မိုးမင်းက မိမိတို့ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာ ဗဟုသုတပွားများစေရန်၊ မိမိကိုယ်ကို စူးစမ်းလေ့လာ တီထွင်ကြံဆပြီး လူအများနှင့်ပေါင်းသင်း ဆက်ဆံပြောဆို တတ်စေရန် ရည်ရွယ်ကာယခုလိုနှုတ်မှု စွမ်းရည်ပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါပြိုင်ပွဲတွင် အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူလေးများက စကားရည်လုပြိုင်ပွဲတွင် ''ယောင်္ကျားလေးတွေကမိန်းကလေးတွေထက် မိဘကိုပိုသိတတ် တယ်''ခေါင်းစဥ်ဖြင့် အဆို၊ အချေအဖွဲ့များဖြင့် လည်းကောင်း၊ ကျပန်းစကားပြိုင်ပွဲတွင် ''ကျွန်တော်သာမီလျံနာသူဌေးကြီးဖြစ်ခဲ့သော်၊ ကျွန်တော်သာ ဆရာတစ်ယောက်ဖြစ်ခဲ့သော်၊ ကျွန်တော်သာ အဆိုတော်တစ်ယောက်ဖြစ်ခဲ့သော်'' ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မူလတန်း အဆင့်မှ ကျောင်းသား၊ကျောင်းသူလေးများက ပုံပြင်ပြောနှင့် ကဗျာရွက်ပြိုင်ပွဲများဖြင့်လည်ကောင်း ထန်ပါခွေမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ လေးများက စိတ်ပါဝင်စားစွာ ပါဝင်ယှဥ်ပြိုင် ဆင်နွဲခဲ့ကြကြောင်း သိရသည်။
အလန်(ပြန်/ဆက်)