ကျွန်းလှ နိုဝင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်သူများ စားအုန်းဆီ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသောက်နိုင်ရန် ယနေ့နံနက် ၆ နာရီခွဲက ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စားအုန်းဆီများ ရောင်းချပေးရာတွင် ပြည်သူတစ်ဦးလျှင် ဆီ ၅၀ ကျပ်သားနှုန်းကို ငွေကျပ် ၂၇၀၀ ဈေးဖြင့် စားအုန်းဆီပိဿာ ၂၀၀၊ လူဦးရေ ၄၀၀ အား လက်ဝယ်အရောက် ရောင်းချပေးခဲ့သည်။
ထို့အပြင် ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ဌာနဆိုင်ရာများ၊ ပြည်သူများအား စားအုန်းဆီများ၊ တန်ဖိုးသင့် စားသောက်ကုန်များကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)