မင်းဘူး နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ စက်သုံးဆီအရောင်ဆိုင်များ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့ နံနက်ပိုင်းကွင်းက သွားရောက်ကွင်းဆင်းပြီး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းထံမှ သိရသည်။
ထိုသို့စစ်ဆေးရာတွင် မင်းဘူးခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မင်းဘူး-အမ်းကားလမ်းမပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် များ၌ မီးသတ်ဦးစီးဌာနက သတ်မှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားခြင်း ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ ကောင်း/မကောင်း၊ သက်တမ်းလွန်မီးသတ်ဆေးဘူးများ ရှိ/မရှိ၊ မီးသတ်ရေလှောင်ကန်များ၌ ရေများအရန်သင့် စုဆောင်းထားရှိမှု ရှိ/မရှိ၊ အပေါ့စား မီးငြှိမ်းသတ်စက်များ အရန်သင့်ထားရှိခြင်း ရှိ/မရှိ၊ စက်သုံးဆီသိုလ်လှောင်ကန်များ၌ စက်သုံးဆီများ စနစ်တကျ သိုလှောင်ထားရှိမှုနှင့် ဖြန့်ဖြူးရောင်းချပေးနေမှုများကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သည်များကို ဆက်လက်ဖြည့်တင်း ဆောင်ရွက်ရန် မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မင်းဘူးခရိုင်နှင့်မြို့နယ်အတွင်း၌ စစ်ဆေးရန်ကျန်ရှိသော စက်သုံးဆီအရောင်းဆိုင်များအားလုံးကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)