ညောင်တုန်းမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

ညောင်တုန်း  ‌နိုဝင်ဘာ  ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ မြို့နယ်အတွင်းရှိ ပြည်သူများ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မဲဇလီကျေးရွာအုပ်စု၌ ဆောင်ရွက်ခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရဲမှူးကျော်မျိုးထက် ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကိုလည်း‌ကောင်း၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ သတင်းတုအမှားများ၊ အမုန်းစကားများနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကိုလည်းကောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ကုန်ထုတ်လမ်းနှင့် ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ခြင်းကိစ္စရပ်များကိုလည်းကောင်း၊ ကျေးလက်ဒေသ မီးလင်းရေးလုပ်ငန်းများကိုလည်းကောင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးကိစ္စရပ်များကိုလည်းကောင်း၊ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းကိစ္စရပ်များကိုလည်း‌ကောင်း ကဏ္ဍအလိုက်ဆွေးနွေး၍ တက်ရောက်လာသည့် ပြည်သူများက သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူများ ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)