တောင်ငူပညာရေးဒီဂရီကောလိပ်၌ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ PPTT (၁၀/၂၀၂၃) သင်တန်းဖွင့်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

တောင်ငူ နိုဝင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူပညာရေးဒီဂရီကောလိပ်၌ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) (၁၀/၂၀၂၃) သင်တန်းဖွင့်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က မြတ်ပညာခန်းမတွင် ကျင်းပသည်။

ထိုသို့ကျင်းပရာတွင် တောင်ငူပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းသိင်္ဂီကျော်က သြဝါဒအမှာစကားပြောကြားပြီး တောင်ငူပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများက အဆို၊ အကများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူမျာ တောင်ငူခရိုင် ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခများ၊ ဌာနကြီးမှူး၊ သင်ကြားရေးဆရာ၊ ဆရာမများ၊ ပထမနှစ် မောင်မယ်သစ်လွင် (၁၅၀)ဦးနှင့် မူလတန်းဆရာအတတ်ပညာသင်တန်း မောင်မယ်သစ်လွင် (၁၅၇)ဦး၊ ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူ (၄၉၇)ဦး၊ တတိယနှစ် ကျောင်းသား၊ ကျောင်းသူ (၈၃)ဦး၊ စုစုပေါင်း (၈၈၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (ပြန်/ဆက်)