သာပေါင်း နိုဝင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့(နေ့ထူးနေ့မြတ်) နိုဝင်ဘာလ ၂၇ ရက်နေ့ အခါသမယအချိန် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဘုရားစေတီပုထိုးများတွင် ဆီမီးထွန်းညှိကြသူများနှင့် စတုဒိသာ၊ နိဗ္ဗာန်ဈေး ကျွေးမွေးကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
တန်ဆောင်မုန်းလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် အခါသမယဖြစ်သည့် အားလျော်စွာ မြတ်စွာဘုရားရှင်အား ရည်စူးရည်မှန်း၍ ကုသိုလ်ကောင်းမှုပြုသည့်အနေဖြင့် ဘုရားစေတီ၊ ပုထိုးများသို့ သွားရောက်၍ ဆွမ်းတော်ကြီးကပ်လှူခြင်း၊ ဆီမီးထွန်းညှိပူဇော်ကြသူများ၊ ရပ်ကွက်များအတွင်း လမ်းအလိုက်နိဗ္ဗာန်ဈေးခင်းကျင်းခြင်း၊ လူငယ်များမှ စတုဒီသာကုသိုလ်ပြုကျွေးမွေးခြင်း၊ ဆီမီး၊ ပန်း၊ နံ့သာတစ်ထောင် ဆက်ကပ်ပူဇော်ခြင်းများနှင့် တန်ဆောင်တိုင်ပွဲတော်ကို အေးချမ်းသာယာ ပျော်ရွှင်စွာဖြင့် စည်ကားသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း၊ ပြန်/ဆက်)