တိုင်းရင်းသားအခွင့်အရေးဆိုင်ရာများ၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကြောင်းလိုအပ်ချက်များ ဆန်းစစ်ခြင်းနှင့်ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

လှိုင်းဘွဲ နိုဝင်ဘာလ ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် တိုင်းရာသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် တိုင်းရင်းသား အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကြောင်းလိုအပ်ချက်များ ဆန်းစစ်ခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကော့ဝန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပြည်နယ်မှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့်နည်းဥပဒေများ၊ အခွင့်အလမ်းများနှင့်ရပိုင်ခွင့်များ၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများကို အဖွင့်အမှာစကားပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးမှူး ဦးစိုင်းရန်နောင်က ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ကာယပညာဦးစီးဌာန အာ/ကာမှူး ဒေါ်မိနန္ဒာမွန်က ကိုယ်ကာယကြံ့ခိုင်မှုဆိုင်ရာ အားကစားများအကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ဗလငါးတန်ဖွံ့ဖြိုးရေးနှင့်လူငယ်ရေးရာများနှင့် တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်သီရိအောင်က တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားစာပေများ သင်ကြားနိုင်ရေးအတွက် တိုင်းရင်းသားဘာသာသင်ကြားပေးသည့် ဆရာ၊ ဆရာမများ ခန့်အပ်ထားရှိမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားပြီး လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ ကျောင်းသား/ကျောင်းသူများအား ဗဟုသုတဆိုင်ရာ မေးခွန်းများမေးမြန်းခြင်း၊ အမှတ်တရဆုလက်ဆောင်များပေးအပ်ခြင်းနှင့် တက်ရောက်လာသော ကျေးရွာနေပြည်သူများအား ရပ်ရွာအခြေပြု အသက်မွေးဝမ်းကြောင်းလိုအပ်မှုတို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းလွှာများကောက်ယူခြင်းနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စောဖိုးခွါး(ပြန်/ဆက်)