ဆိပ်ဖြူ နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် (၁၀၃) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများကို နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီက ဆိပ်ဖြူ (အ.ထ.က) ကျောင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါပြိုင်ပွဲကို အခြေခံပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မျိုးဆက်သစ် ကျောင်းသား/ ကျောင်းသူ လေးများ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်စေရန်နှင့် ဇာတိသွေး၊ ဇာတိမာန်အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်တိုးတက်လာစေရန် ရည်ရွယ်၍ အမျိုးသားအောင်ပွဲနေ့ကိုတန်းဖိုးထားလို့ ငြိမ်းချမ်းစည်းလုံးသော နိုင်ငံတော်ကြီးတည်ဆောက်စုံ့ ခေါင်းစဉ်ဖြင့် (၁၀၃) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်မြို့နယ်အဆင့် စာစီစာကုံး ၊ပန်းချီပြိုင်ပွဲများကို မြို့နယ်ပညာရေးမှူးနှင့်ပညာရေးဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ခဲ့သည်။ ၎င်းပြိုင်ပွဲများကို အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ လာရောက်ယှဉ်ပြိုင်ခဲ့ ကြပြီး စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်ကျောင်းသား/ကျောင်းသူ (၄) ဦး၊ အလယ်တန်းအဆင့်ကျောင်းသား/ကျောင်းသူ (၆) ဦး၊ ပန်းချီပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၄) ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၃) ဦး လာရောက်ယှဉ်ပြိုင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးက ပြောကြားသိရှိရသည်။
ကိုဇွဲ(အညာမြေ)