သရက်မြို့၌ “အမျိုးသားအောင်ပွဲနေ့ကို တန်ဖိုးထားလို့ ငြိမ်းချမ်းစည်းလုံးသော နိုင်ငံတော်ကြီး တည်ဆောက်စို့” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

သရက် နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး သရက်မြို့၌ “အမျိုးသားအောင်ပွဲနေ့ကို တန်ဖိုးထားလို့ ငြိမ်းချမ်းစည်းလုံးသော နိုင်ငံတော်ကြီး တည်ဆောက်စို့” ခေါင်းစဉ်ဖြင့် စာစီစာကုံး ပြိုင်ပွဲ ကျင်းပခြင်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စာစီစာကုံပြိုင်ပွဲတွင် အထက်တန်းဆင့် (၁၂)ဦးနှင့် အလယ်တန်းဆင့် (၂၃)ဦး ကျောင်းသား/ကျောင်းသူများက “အမျိုးသားအောင်ပွဲနေ့ကို တန်ဖိုးထားလို့ ငြိမ်းချမ်းစည်းလုံးသော နိုင်ငံတော်ကြီး တည်ဆောက်စို့” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)