(၁၀၉) ကြိမ်မြောက် ​ရွှေဘိုမြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပ

​ရွှေဘို နိုဝင်ဘာ ၂၈

၁၃၈၅-ခုနှစ် (၁၀၉)ကြိမ်​မြောက် ​​ရွှေဘိုမြို့နယ်လုံးဆိုင်ရာ စု​ပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်(၈) နာရီခွဲအချိန်က အမှတ်(၁)ရပ်ကွက်ရှိ မင်းသမီး​ရွှေ​ကျောင်း ဘုန်း​တော်ကြီး​ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ​နန်းဦးကျောင်းတိုက်ဆရာ​တော် ဘဒ္ဒန္တ ကုမာရကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလနှင့် သြဝါဒ ခံယူဆောက်တည်၍ ဆရာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်သည့် ပရိတ်တရားတော်များကို နာယူကြပြီး ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိူးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊​စေတနာရှင် အလှူရှင်များက ဆရာတော်များအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး၊ ကထိန်အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ပင့်သံဃာများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

(၁၀၉) ကြိမ်မြောက် ​ရွှေဘိုမြို့လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းရာတွင်​ရွှေဘိုမြို့​ပေါ် ​ကျောင်းတိုက်​ပေါင်း (၇၉)​ကျောင်းသို့​၊ ရွှေဘိုတပ်နယ်၊ ခရိုင်/မြို့နယ်​ဌာနဆိုင်ရာများ၊ အများပြည်သူ ​စေတနာရှင်၊ အလှူရှင်များ စု​ပေါင်းလှူဒါန်းမှုမှာ သင်္ကန်းဒွိစုံ (၉၃၈) စုံ အပါအဝင်၊ အလှူငွေနှင့် လှူဖွယ်ပစ္စည်းတန်ဖိုးစုစုပေါင်း (၄၂၂၆၈၅၅၀)ကျပ် သိန်း​လေးရာ​ကျော်အား ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်