ဇလွန် နိုဝင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ (၅၂) ကြိမ်မြောက် မသိုးသင်္ကန်းတော်မြတ် ရက်ချုပ်ကပ်လှူပူဇော်ပွဲကို ယမန်နေ့နံနက် ၄ နာရီတွင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ဂန္ဓာကုဋီတိုက်တွင် ကပ်လှူပူဇော်ခဲ့သည်။
မသိုးသင်္ကန်းတော်မြတ် ရက်ချုပ်ကပ်လှူပူဇော်ရာတွင် ကိန္နရီစင်တော်၊ သဗ္ဗူလစင်တော်၊ မယ်မဒ္ဒီစင်တော်၊ အမရာစင်တော်တို့မှ ရက်ချုပ်လှူဒါန်းထားသော မသိုးသင်္ကန်းတော်မြတ်အား မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးအား ဆပ်ကပ်ပူဇော်ခဲ့ပြီး နံ့သာကိုးမျိုးဖြင့် မျက်နှာတော်သစ် ရောင်တော်ဖွင့်ခဲ့သည်။
ယင်းနောက် မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီးအား ဆရာတော် သံဃာတော်များ ခြံရံပြီး ဘုရားအနေကဇာတင်မြှောက်ခြင်း ပြုလုပ်၍ သစ်သီးကိုးမျိုး၊ ပန်းကိုးပြီး၊ မုန့်ဆွမ်းကိုးမျိုး ကပ်လှူပူဇော်ခဲ့ကြသည်။ ယင်းနောက် (၅၂) ကြိမ်မြောက် မသိုးသင်္ကန်းတော်မြတ်ရက်ချုပ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပထမဆုရအမရာစင်တော်၊ ဒုတိယဆုရ ကိန္နရီစင်တော်၊ တတိယဆုရ မယ်မဒ္ဒီစင်တော်၊ စတုတ္ထဆုရသဗ္ဗူလစင်တော် တို့အား မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့ကြပြီး ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီးအား တန်ဆောင်မုန်းလပြည့်ကျာ် (၁)ရက်နေ့အထိ လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့် ဆီမီးပူဇော်ပွဲ၊ ဖျော်ဖြေရေးအစီအစည်များဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ - ဇလွန် (ပြန်/ဆက်)