ပလောက်မြို့၌ နှာခေါင်းစည်း(Mask)များ ပြည်သူများလက်ဝယ်အရောက် အခမဲ့ပေးဝေလှူဒါန်း

ပလောက်  အောက်တိုဘာ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်း(Mask)များ ကို ယနေ့ နံနက်ပိုင်းက အခမဲ့ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်း(Mask)များ အခမဲ့ပေးဝေ လှူဒါန်းရာတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု ပလောက်တပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက မြို့စည်ပင်သာယာဈေး အဝင်/အထွက် နေရာများနှင့် ဗဟိုလမ်းတွင်ဖြတ်သန်း သွားလာနေသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်မှအပြင်သို့ ထွက်ခွာတိုင်း နှာခေါင်းစည်း(Mask) များကို စနစ်တကျ စွန့်ပစ်တတ်စေရန် အသိပညာပေးကာ နှာခေါင်းစည်း(Mask) (၃၀၀၀)ခု ကို ပြည်သူတစ်ဦးချင်းစီ၏လက်ဝယ်အရောက် အခမဲ့ပေးဝေ လှူဒါန်းခဲ့ကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက်)