ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အမျိုးအောင်ပွဲနေ့ အထိမ်းအမှတ်အကြို  ကျောင်းသား/သူများ ကာယ၊ ဉာဏစွမ်းရည်မြှင့်ပြိုင်ပွဲများ ကျင်းပ

ကလေး နိုဝင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အမျိုးအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကျောင်းသား/သူများ ကာယ၊ ဉာဏစွမ်းရည်များ မြင့်မား‌လာစေရန် ပုံပြင်ပြောပြိုင်ပွဲ၊ မြန်မာစာ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည် ပြိုင်ပွဲများကို  နိုဝင်ဘာလ (၂၆) ရက်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလေးခရိုင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က ကျောင်းသား/သူများအတွက် ပြိုင်ပွဲများကျင်းပခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲများ ကျင်းပခဲ့ပြီး တာဝန်ရှိသူများက အထူးဆု၊ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရသော ကျောင်းသား/သူများကို ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် စာပေချစ်မြတ်နိုးသူများဖြင့် အသိပညာပေး ဆွေးနွေးပွဲများ၊ ကလေးများဆိုင်ရာ ကာယ၊ ဉာဏ စွမ်းရည်မြှင့်ပြိုင်ပွဲများနှင့် သင်တန်းများကို အပတ်စဉ် ကျင်းပလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)