ကျောင်းကုန်းမြို့၌ တန်ဆောင်မုန်းလပြည့်နေ့ည ဘုရားဖူးသူများဖြင့် စည်ကား

ကျောင်းကုန်း နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မြို့၏ကျက်သ‌ရေဆောင် မျက်ရှင်တော် ပြည်လုံးချမ်းသာဘုရားကြီး၊ ရှေးဟောင်းသမိုင်းဝင် မိုဃ်းကောင်းဘုရားကြီးနှင့် သုခပြည့်စုံဘေးရန်လုံစေတီတို့၌ ယမန်နေ့ည တန်ဆောင်မုန်းလပြည့်နေ့ည ဘုရားဖူး ပြည်သူများဖြင့် စည်ကားစွာ တွေ့မြင်ခဲ့ရသည်။

ယနေ့ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) ဖြစ်သဖြင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်နေ့တစ်နေ့ ဖြစ်သည်နှင့်အညီ ဘုရားစေတီပုထိုးများ၌ ဆီမီးထွန်းညှိပူဇော်ခြင်းနှင့် မီးပုံးပျံများ လွှတ်တင်၍ ပူဇော်ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)