မြောင်းမြမြို့ စကြာသီဟစကြာနန္ဒဘုရားတွင် တန်ဆောင်မုန်းလပြည့်နေ့ ဘုရားဖူးပြည်သူများဖြင့် စည်ကား

မြောင်းမြ နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့  စကြာသီဟ စကြာနန္ဒဘုရားတွင် တန်ဆောင်မုန်း လပြည့်နေ့ ညနေပိုင်းမှစ၍ ဘုရားဖူးပြည်သူများ၊ ပန်းရေချမ်းကပ်လှူသူများ၊ ဆီမီးမျော ပူဇော်သူများ၊ အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မြောင်းမြမြို့ရှိ ဘုရားစေတီပုထိုးများနှင့် ဘုန်းကြီးကျောင်းများတွင် တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းတွင် ကထိန်ခင်း အလှူများ၊ ဥပုသ်သီလဆောက်တည်သူများ၊ ဘုရားများတွင် ပန်းရေချမ်း ဆီမီးကပ်လှူသူများဖြင့် စည်ကားလျက်ရှိပြီး ညနေပိုင်းတွင် စကြာသီဟ စကြာနန္ဒဘုရားတွင် ဘုရားဖူးပြည်သူများ၊ ပန်းရေချမ်းဆီမီးကပ်လှူသူများ၊ ဆီမီးမျော ပူဇော်သူများ၊ အပန်းဖြေသူများ၊ ဘုရားစျေးပွဲလျောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက် (မြောင်းမြ)