ခင်ဦးမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၃) ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ရရှိ

ခင်ဦး၊ အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တွင် ကိုဗစ်-၁၉ တွေ့ရှိလူနာ (၃) ဦး ကျန်းမာရေး ကောင်းမွန်သဖြင့် ယနေ့နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ရရှိပြီ ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရသည်။

ဆေးရုံမှ ဆင်းခွင့်ရရှိသူ ကိုဗစ်-၁၉ အတည်ပြုလူနာ (၃) ဦးမှာ သရက်ပင်စုကျေးရွာမှ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် မှန်ဘီလူး စက်ရုံတွင် သွားရောက်လုပ်ကိုင်ပြီး မိမိဇာတိသို့ ပြန်လာ၍ အလက ကျောင်းတွင် အသွားအလာကန့်သတ် စောင့်ကြည့်ထားရာ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုခဲ့သဖြင့် ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံ၊ သီးသန့်ဆောင် တွင် ဆေးကုသခံယူခဲ့သည်။

ဆေးရုံဆင်းခွင့်ရရှိသူ အမျိုးသား (၁) ဦး၊ အမျိုးသမီး (၂) ဦးမှာ ကျန်းမာရေးကောင်းမွန်၍ ကိုဗစ်ရောဂါလက္ခဏာ မတွေ့ရသဖြင့် ဆေးရုံဆင်းခွင့်ရရှိကြောင်း၊ မိမိကျေးရွာတွင် (Home Quarantine) အဖြစ် တစ်ပတ်ဆက်လက်နေထိုင် သွားရန်နှင့် ကျန်းမာရေးဌာနက ညွှန်ကြားချက်နှင့် အညီ နေထိုင်ကြရန် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ စန်းယုကိုက မှာကြားခဲ့ပြီး ဆေးရုံဆင်းခွင့် (၃) ဦးကို မြို့နယ်ကြက်ခြေနီ အသင်းမှ ၎င်းတို့နေအိမ်သို့ လိုက်လံပို့ဆောင်ခဲ့ ကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)