ကော့သောင်း နိုဝင်ဘာ ၂၈
ကော့သောင်းမြို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တန်ဆောင်မုန်းလပြည့်ညတွင် နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓပူဇနိယဘုရား ဒေသစာရီလှည့်လည်ပူဇော်ပွဲကို ယမန်နေ့တန်ဆောင်မုန်းလပြည့်နေ့ ညနေပိုင်းတွင် စုရပ်ဖြစ်သည့် (၇)မိုင်၊ ရွှေပြည်စိုးကျေးရွာမှစတင်ကာ ကော့သောင်းမြို့တွင်းသို့ ဒေသစာရီလှည့်လည်ပူဇော်ပွဲကျင်းပသည်။
အဆိုပါ ကော့သောင်းမြို့၌ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော် လှည့်လည်ပူဇော်ပွဲသည် နှစ်ဆယ့်ရှစ်ဆူသော ဘုရားဆင်းတုတော်များ ကိန်းဝပ်စံပယ်တော်မူရာ စံကျောင်းတော်ဖြစ်သည့် ကော့သောင်းမြို့ ပြည်တော်အေးသာသနာ့ဗိမာန်တော်မှ တန်ဆောင်မုန်းလဆန်းပိုင်းမှစတင်ကာ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများ၊အသင်းအဖွဲ့များ ပွင့်စဉ်အလိုက်မဲစနစ်ဖြင့်ပင့်ဆောင်၍ မိမိတို့ရပ်ကွက်/ကျေးရွာများတွင် သီတင်းနှစ်ပတ်မျှ ယာယီကိန်းဝပ်စံပယ်အပူဇော်ခံကာ ဗုဒ္ဓပူဇနိယပွဲတော်ကို ဆင်ယင်ကျင်းပကြပြီး တန်ဆောင်မုန်း လပြည့်နေ့ညတွင် ပွင့်စဉ်အလိုက်စီတန်းကာ မင်္ဂလာစည်တော်အကဖွဲ့များ၊ ဥပါသကာအဖွဲ့များဖြင့် မြို့တွင်းသို့ဒေသစာရီ လှည့်လည်အပူဇော်ခံကြရာ ရပ်ကွက်အလိုက်ပြည်သူများက ဖူးမြော်ကြည်ညိုကြပြီး အလှူငွေများလှူဒါန်းခြင်း၊ စတုဒိသာအကျွေးအမွေးများဖြင့် တည်ခင်းကျွေးမွေးလှူဒါန်းခြင်းများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)