တန်ဆောင်မုန်းလပြည့် စစ်ကိုင်းမြို့ရှိ သမိုင်းဝင်ဘုရားကြီးများတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကား

စစ်ကိုင်း နိုဝင်ဘာ ၂၈

တန်ဆောင်မုန်းလပြည့်နေ့ စစ်ကိုင်းမြို့ရှိ သမိုင်းဝင် ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးတွင်  အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

“ဒီနှစ် တန်ဆောင်မုန်းလပြည့်နေ့ကတော့ ဆွမ်းဦးပုညရှင်မြတ်စွာဘုရားကြီးမှာ အထူးစည်ကားခဲ့တဲ့ နှစ်လို့ ဆိုရပါ့မယ် ဘုရားဖူးပြည်သူတွေ အန္တရာယ် မဖြစ်ပွားရအောင်လည်း သက်ဆိုင်ရာ လူမှုရေးအသင်းအဖွဲ့များက တောင်တက်/တောင်ဆင်းလမ်းတွေမှာ စောင့်ကြပ်ပြီး လမ်းပြဆောင်ရွက် ပေးနေကြပါတယ် သာသနာ့ဗိမာန်တော်ကြီး ပြီးစီးပြီဖြစ်တဲ့အတွက် ရဟန်း ရှင် လူပြည်သူတွေ ညအိပ်ညနေ လွတ်လပ်စွာ ဘုရားဖူးမြှော်နိုင်ကြပါပြီ” ဟု ဆွမ်းဦး ပုညရှင်ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းကပြောပြသည်။

“ကျွန်မတို့က ကျောင်ပန်းတောင်းမြို့ကနေ လာရောက်ပြီး စစ်ကိုင်းမြို့မှာရှိတဲ့ ဘုရားစေတီတွေကို ညအိပ်ညနေဖူးမြော်သွားမှာ မိသားစုတွေပါတယ် သူငဘ်ချင်းတွေလည်းပါတယ် စစ်ကိုင်းမြို့ရဲ့ ဘုရားစေတီတွေ ဖူးမြော်ချင်တာ ကြာပါပြီ အခုမှဘဲ စိတ်ဆန္ဒတွေ အောင်မြင်သွားတော့တယ် မင်းကွန်း ဒေသဘက်မှာရှိတဲ့ ကြီးလေးကြီးကိုလည်း အရောက်သွားမယ်လို့ မျှော်မှန်းထားပါတယ် အချိန်ရရင်ပေါ့” ဟု ကျောက်ပန်းတောင်မြို့မှ ဘုရားဖူးလာသူ မဝင်းဝင်းသန့်က ပြောကြားခဲ့သည်။

အလားတူ စစ်ကိုင်းမြို့၏ အနောက်ဖက်‌(၅)မိုင်ခန့်အကွာ တည်ထားသည့် ကောင်းမှုတော်စေတီ တော်မြတ်ကြီးတွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိပြီး ဘုရားဖူး ပြည်သူများ လွတ်လပ်စွာ ဘုရာဖူးနိုင်ရန်နှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များကိုလည်း စနစ်တကျ ဖြစ်အောင် စီစဉ်ဆောင်ရွက်ထားရှိကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ဇော်မြင့်နိုင်