ကျောင်းကုန်း နိုဝင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ (၃၂)ကြိမ်မြောက် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲကို အမှတ်(၄)ရပ်ကွက်၊ ဓမ္မစာဂီအုတ်တွင်းကျောင်းတိုက်၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ပရိတ်တရားတော်များ နာယူခဲ့ကြသည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက စုပေါင်းမဟာဘုံကထိန် လှူဒါန်းရခြင်းအကြောင်း လျှောက်ထားပြီး၊ ကထိန်လျာ “ဉာတ်” သင်္ကန်းဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် အနုမော ဒနာတရားနာကြားကာ ရေစက်သွန်ချအမျှပေးဝေခဲ့ပြီး ၂၀၂၄ ခုနှစ်၊ (၃၃)ကြိမ်မြောက် မြို့နယ်ဌာနဆိုင်ရာ စုပေါင်းမဟာဘုံ ကထိန်အတွက် စာရေးတံမဲနှိုက်၍ ရွေးချယ်ခဲ့ကြသည်။
ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာ (၃၅)ခု၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီ၊ မြို့နယ်ဗွီဒီယိုလုပ်ငန်းရှင်များ အသင်း၊ မြတ်ကျွန်းသာအသေးစားငွေချေးလုပ်ငန်း၊ ဂွတ်ဘရားသား (GBS) ကုမ္ပဏီ၊ ပြည့်မဟာအသေးစားချေး ငွေလုပ်ငန်း၊ T S စက်သုံးဆီ အရောင်းဆိုင်၊ REGENCY စက်သုံးဆီအရောင်းဆိုင်၊ MOB ဘဏ်၊ AYA ဘဏ်၊ ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ရပ်ကွက်(၅)ခုတို့မှ ပစ္စည်းတန်ဖိုး(၅၉)သိန်းကျော်၊ ငွေသားတန်ဖိုး(၈၇) သိန်းကျော်၊ စုစုပေါင်း ငွေကျပ်(၁၄၇)သိန်းကျော် လှူဒါန်းနိုင်ခဲ့ကြောင်းနှင့် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)