ရွှေတောင်မြို့၌ (၃၉) ကြိမ်မြောက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စုပေါင်းဘုံကထိန်ပွဲ စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပ

ရွှေတောင် နိုဝင်ဘာ ၂၇

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ရွှေတောင် မြို့နယ်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများစုပေါင်း ကျင်းပသည့် (၃၉) ကြိမ်မြောက် စုပေါင်းဘုံကထိန်လှည့်လည်ပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စတင်ကာမြို့တွင်း လမ်းမတစ်လျှောက်မှ ကြာနီကန်ရပ်ကွက်၊ ကသဲတန်းလမ်း သာသနာ့ဗိမာန်သို့ ပဒေသာပင်များအား မော်တော်ယာဥ်များဖြင့် တင်ဆောင်၍ စည်ကားသိုက်မြိုက်စွာ စုပေါင်းလှည့်လည်ခဲ့ကြသည်။

အဆိုပါ (၃၉) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတွင် မြို့နယ်ဌာနဆိုင်ရာများမှ စုပေါင်း၍ လှူဒါန်းသော ပဒေသာပင် (၂၅)ပင်အား ကျောင်းတိုက်များသို့ မဲဖောက်၍ သွားရောက်လှူဒါန်းသွားမည်ဖြစ်ပြီး ပစ္စည်းနှင့် ငွေသားတန်ဖိုးငွေမှာ (၁၁၃၀၀၀၀၀/-)ကျပ် ဖြစ်ကြောင်း သိရှိရသည်။

ကိုကိုမင်း (ပြန်/ဆက်)