ပဲခူးမြို့ တန်ဆောင်တိုင်ပွဲတော်သို့ လာရောက်လည်ပတ်သူများဖြင့် အလွန်စည်ကားလျက်ရှိ

ပဲခူး နိုဝင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ပဲခူးမြို့တွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်ကြီးကို နိုဝင်ဘာ ရက်မှ ၂၇ ရက်အထိ စည်ကားသိုက်မြိုက် စွာ ကျင်းပလျက်ရှိသည်။

နိုင်ဝင်ဘာ ၂၆ ရက် ညပိုင်းက ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်ပေါ်တွင် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ခြင်းအား ပြုလုပ်ခဲ့ပြီး ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ယာဉ်ရပ်နားကွင်း၌ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန် မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်း၊ နိုင်ငံကျော်အနုပညာရှင်များ၏ တေးများဖြင့် သီဆိုဖျော်ဖြေခြင်းများဖြင့် အထူးစည်ကားလျက် ရှိသည်။

အဆိုပါ ပဲခူးမြို့ တန်ဆောင်တိုင် မီးထွန်းပွဲတော်တွင် စိန်နားပန် ရှစ်လုံး၊ ညမီးကြီး နှစ်လုံး၊ မီးပုံးပျံ အသေး အလုံး ၁၅၀၀၊ နေ့အရုပ်မီးပုံးပျံ ၁၅ လုံးတို့ လွှတ်တင် ပူဇော်သွားမည်ဖြစ်ပြီး မီးထွန်းပွဲတော် ကာလအတွင်း ပြည်သူများ အပန်းဖြေပျော်ရွှင်စွာ လည်ပတ်အနားယူ နိုင်ရန် မြို့အတွင်းရှိ အဓိကလမ်းများနှင့် အပန်းဖြေ ဥယျာဉ်များတွင် LED မီးများဖြင့် အလှဆင်ထားရှိကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)