ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ၏ (၇၅)ကြိမ်မြောက် စုပေါင်းမဟာဘုံထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မော်လိုက် နိုဝင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ၏ (၇၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်() နာရီ အချိန်က မြို့မ()ရပ်ကွက်မြို့မဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို၍ အခမ်အနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက်  မြို့မကျောင်းတိုက်၊ ပဓာန နာယက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တတေဇောဘာသထံမှ ငါးပါးသီလခံယူခဲ့ကြပြီး သံဃာတော်အရှင်သူများထံမှ ပရိတ်တရားတော်များကို ဧည့်ပရိတ်သတ်များက နာယူကြည်ညိုခဲ့ကြသည်။ ယင်းနောက် မြို့မကျောင်းတိုက် ပဓာနဆရာတော်ထံ ကထိန်ဉာတ်သင်္ကန်းနှင့် ကထိန်အခြံအရံသင်္ကန်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ကြွရောက်လာသည့် သံဃာတော် အရှင်သူမြတ်တို့အား ကထိန် ပဒေသာပင်များကို မဲဖောက်လှူဒါန်းခဲ့ကြသည်။

၎င်းနောက် မြို့မကျောင်းတိုက်၊ ပဓာန နာယက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တတေဇောဘာသထံမှ ကထိန်အနုမောဒနာ တရားများ နာယူကြည်ညို၍ ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကြကြောင်း သိရသည်။

မော်လိုက်ခရိုင်(ပြန်/ဆက်)