ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးပြုလုပ်

ပုသိမ် နိုဝင်ဘာ ၂၆

ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးအား နိုဝင်ဘာလ (၂၄)ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ ပြုလုပ်ရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးနှင့် သက်ဆိုင်ရာဌာနများမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အနေဖြင့် ကမ်းခြေခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များရှိရာ ဒေသများ၊ တိုင်းဒေသကြီး အတွင်း ထင်ရှားသည့် ဘုရား၊ စေတီ၊ ပုထိုးများသို့ ခရီးသွားများနှင့်  ဘုရားဖူးပြည်သူများ လာရောက်လည်ပတ်လေ့လာဖူးမြော်နိုင် ရေးအတွက်လည်း ဆောင်ရွက်ရန်လိုပါကြောင်း၊ ကမ်းခြေခရီးသွားလုပ်ငန်းနှင့် ဆက်စပ်၍ ဟိုတယ်လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လျက် ရှိပါကြောင်း၊ ဟိုတယ်နှင့် တည်းခိုရိပ်သာအဆောက်အဦများ ဆောက်လုပ်ရန် လုပ်ငန်းရှင်များ၏ တင်ပြမှုများအပေါ် ကော်မတီအနေဖြင့် စည်းမျဉ်း၊ စည်းကမ်းနှင့် အညီ စစ်ဆေးတင်ပြရန် လိုအပ်ပြီး တာဝန်ရှိသူ အဆင့်ဆင့်က စစ်ဆေးကြပ်မတ်ရန်လိုပါကြောင်း၊ အဆောက်အဦများ ဆောက်လုပ်ရာတွင် မြေအသုံးချမှုနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းများနှင့် အညီ စိစစ်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူများမှ တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရေး အတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း” အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးက လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဟိုတယ် လုပ်ငန်းလိုင်စင်ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးတင်ပြရာတွင် ငွေဆောင်ကမ်းခြေဒေသ တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရယူဆောင်ရွက်လျက်ရှိသော Center Point Hotel မြေဧရိယာဝန်းအတွင်း RC (၃) ထပ် အဆောက်အဦ (၁) လုံး တိုးချဲ့တည်ဆောက် ခွင့်ပြုပါရန် လျှောက်ထားလာမှု၊ ငွေဆောင်ကမ်းခြေဒေသတွင် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရယူဆောင်ရွက်လျက်ရှိသော The Village Resort Hotel မြေဧရိယာဝန်းအတွင်း RC (၃) ထပ် အဆောက်အဦ (၁) လုံး တိုးချဲ့တည်ဆောက်ခွင့်ပြုပါရန် တင်ပြလျှောက်ထား လာမှု၊ ​ချောင်းသာဇုန်ပုဂ္ဂလိက ခရီးသွားလုပ်ငန်း အဖွဲ့အစည်း ကိုယ်စားလှယ်တစ်ဦးမှ နုတ်ထွက်ခွင့် တင်ပြလာမှု၊ စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်းလိုင်စင်ရယူထားသော တည်းခိုခန်းများအား ဧည့်သည်စာရင်း စီမံခန့်ခွဲမှုစနစ် (GLMS)အသုံးပြုနိုင်ရေး ဆောင်ရွက်ရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနမှပေးပို့သော အကြောင်းကြားစာများအား ရှင်းလင်းတင်ပြခဲ့ သည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့များနှင့် တတ်သိပညာရှင်၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြ သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ပိုမိုတိုးတက် စေရေး ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)