ထားဝယ် နိုဝင်ဘာ ၂၆
(၁၁၁)ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်နှစ်ကျိပ်ရှစ်ဆူ ဘုရားများ ပူဇော်ခံထားရှိသည့် ထားဝယ်မြို့၊ လောကမာရဇိန် ဘုရားကြီးဝင်းအတွင်း၌ (တတိယနေ့)ယနေ့ညနေပိုင်းတွင် ရဟန်းရှင်လူပြည်သူများ၊ မိသားစုအလိုက်ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိသည်။
ထားဝယ်မြို့ဘုရားကြီးဂေါပကအဖွဲ့မှကြီးမှူး၍ ရပ်ကွက်ပေါင်းစုံပါဝင်သောထားဝယ်ဒေသ၏ အထင်ကရပွဲတော်တစ်ခုဖြစ်သည့် တန်ဆောင်တိုင်ပွဲတော်နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်ကာလအတွင်း ဘုရားဖူးလာပြည်သူများ၊ ဈေးဆိုင်ခင်းများ၊ ဒေသခံပြည်သူများဖြင့် စည်ကားလျက်ရှိပြီး ထားဝယ်ရိုးရာ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပူဇော်ပွဲသည် ဒေသတွင်း အထင်ရှားဆုံးပွဲတော်တစ်ခုဖြစ်၍ ထားဝယ်ဒေသခံများ နှစ်စဉ်ပါဝင်ဆင်နွှဲလေ့ရှိသည့် ပွဲတော်တစ်ခုလည်း ဖြစ်သည်။
နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားရုပ်ပွားတော်များအား ထားဝယ်မြို့၊ ရွှေတောင်စားစေတီဘုရားကြီးဝင်းအတွင်း၌ စီတန်းထားရာ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာပြည်သူများ၊ မိသားစုလိုက် ဘုရားဖူးလာရောက်သူများ၊ ဒေသခံပြည်သူများဖြင့်စည်းကာလျက်ရှိပြီး စေတနာရှင်၊ အလှူရှင်များက ဘုရားကြီးဂေါပကအလှူခံမဏ္ဍပ်သို့ အလှူငွေများလာရောက်လှူဒါန်း လျက်ရှိသည်။
နှစ်ကျိပ်ရှစ်ဆူမြတ်စွာ ဘုရားရုပ်ပွားတော်များအား နိုဝင်ဘာ ၂၆ ရက်နေ့ နံနက် (၆) နာရီမှစတင်၍ ထားဝယ်မြို့ အတွင်းသို့ဒေသစာရီ ကြွချီလှည့်လည်ပူဇော်ခံမည်ဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်နေ့တွင်ရဟန်းရှင်လူ ပြည်သူများ ကြည်ညိုပူဇော်ကန်တော့ရန်အတွက် အထိဘုရားကြီးဝင်းအတွင်း ယာယီစံကျောင်းတော်ဖြင့် ထားရှိပေးထားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)